The Garden of WordsMay 31, 2013

8.2 /10

Rate This Movie:

2013 ထွက် ဂျပန် Anime ကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ IMDb 7.3 နဲ့ Romance Drama အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ ၁၅ နှစ်အရွယ် ဖိနပ်ချုပ်သမားလေး တစ်ယောက်ဟာ မိုးရွာတဲ့ မနက်ခင်းတွေမှာ ပန်းခြံတစ်ခုထဲမှာ ၂၇ နှစ်အရွယ် ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမြဲတစေ တွေ့ဆုံမိတတ်ပါတယ်။ ဖိနပ်ချုပ်သမားလေး Takao ဟာ မနက်ခင်း အတန်းတွေကိုလစ်ပြီး ဖိနပ်ဒီဇိုင်းထွင်ဖို့ လာနေခဲ့သလို အမျိုးသမီးလေး Yukino ဟာလည်း သူ့ပြဿနာတွေကြောင့် အလုပ်ကို ရှောင်တိမ်းရင်း လာနေခဲ့ကြတာပါ။ Takao ဟာ သူ့နှစ်သက်တဲ့ ဖိနပ်ပြုလုပ်ချင်း ပညာကို မျှေ၀ခံစားရင်း သူ့အတွက် ဖိနပ်တစ်ရံလုပ်ပေးဖို့တောင် ပြောခဲ့ပေမယ့် Yukino ကတော့ သူ့အကြောင်း ဘာမှဖွင့်မပြောပြခဲ့ပါဘူး။ တစ်နေ့မှာတော့ Takao တစ်ယောက် Yukino ရဲ့ ဘ၀ကို သိသွားတဲ့အခါ……. Review channel myanmar

Genres:

Romance

Drama