Split (2016)20 Jan 2017

7.3 /10
56 Reviews

Rate This Movie:

2016 ခုနှစ်ထွက် Horror/Thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ IMDb rating ဟာဆိုရင်လည်း 7.3 အထိရရှိထားတဲ့ကားလေးပါ။ ရလည်းရသင့်ပါတယ်။ အထူးသဖြင့် အဓိကဇာတ်ဆောင်မင်းသား James McAvoy ရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကိုချီးကျူးစရာပဲ ဖြစ်ပါတယ်။ Horror ကားဖြစ်တဲ့အညီ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါ့အပြင်ဒီကားလေးဟာ သူ့ေ့ရှကထွက်ထားတာ The Unbreakable ဇာတ်ကားနဲ့လည်းဆက်စပ်မှုရှိပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Kevin ဆိုတဲ့လူငယ်တစ်ယောက်ဟာ ငယ်စဉ်ကတည်းညှင်းပန်းမှုတွေခံစားခဲ့ရပြီး DID လို့ခေါ်တဲ့ စိတ်အခြေအနေအမျိုးမျိုး စရိုက်အမျိုးမျိုးပြောင်းလဲတတ်တဲ့ရောဂါကိုခံစားနေရတာပါ။ သူ့ရဲ့စိတ်အခြေအနေအလိုက် ပြုမူလုပ်ဆောင်ပုံတွေဟာ အမျိုးမျိုးပြောင်းလဲနေတာပါ။ အဆိုပါရောဂါရှိသူတွေမှာအနည်းဆုံး မတူညီတဲ့စရိုက် ၃ခုခန့်ရှိတတ်ပါတယ်။ Kevin မှာတော့ ၂၃ခုတောင် ဖြစ်တည်မှုစရိုက်တွေရှိနေတာပါ။ သူဟာ တစ်နေ့မှာ ကလေးမလေး ၃ယောက်ကိုဖမ်းသွားခဲ့ရာက Horror ဇာတ်လမ်းစတော့တာပါပဲ။ ဘာလို့ဖမ်းသွားတာလဲ၊ သူ့ရဲ့ပြသနာကဘာလဲဆိုတာကို ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်သလို ဇာတ်ဆောင်မင်းသားရဲ့ စရိုက်အမျိုးမျိုးအပေါ်သရုပ်ဆောင်ချက်တွေကလည်း ချီးကျူးစရာကောင်းတာကြောင့်ပါ။

Genres:

Horror

Credit:

Channel Myanmar