Arima NambiJuly 4, 2014

6.9 /10

Rate This Movie:

ဒီဇာတ်လမ်းကတော့ ဇာတ်လိုက်ဖြစ်တဲ့ ဗီကရမ် ပရာဘူးရဲ့ချစ်သူကောင်မလေး ပရီယာ အာနန် ထူးဆန်းစွာ ပြန်ပေးဆွဲခံရတဲ့ အဖြစ်အပျက်နဲ့ တင်ဆက်ထားပါတယ်။ ဗီကရမ် ပရာဘူးနဲ့ ပရီယာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာပြီး အီစီကလီ လုပ်နေကြစဉ်မှာပဲ ပရီယာဟာ ဗြုန်းစားကြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဗီကရမ်ဟာ ရဲကိုတိုင်ဖို့ ကြိုးစားပေမဲ့ တကယ်တမ်း စုံစမ်းစစ်ဆေးတဲ့အခါ ပြန်ပေးဆွဲတယ်ဆိုတဲ့ လက္ခဏာသက်သေ ဘာမှမရှိဖြစ်နေပါတယ်။ ဒါနဲ့ပဲ ရဲတွေဟာ အရက်မူးနေလို့ လျှောက်ပြောတာလို့ ယူဆပြီး သူ့ရဲ့တိုင်ချက်ကို ပလပ်လိုက်ပါတယ်။ ဗီကရမ်ဟာ သူ့ကိုယုံကြည်ပေးပြီး ရိုးသားတဲ့ နယ်မြေခံရဲအရာရှိ အမ်အက်စ် ဘာစကာရဲ့ အကူအညီကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရဲအရာရှိ ဘာစကာအသတ်ခံလိုက်ရတဲ့အခါမှာတော့ အရာအားလုံး ရှုပ်ထွေးကုန်ပါတယ်။ ဒီကိစ္စထဲမှာ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေလည်း ပါဝင်နေတယ်ဆိုတာ ဗီကရမ်တစ်ယောက် သိသွားခဲ့ပါတယ်။ သူ့ရဲ့ကောင်မလေးကို ဘယ်လိုပြန်ကယ်မလည်းဆိုတာနဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားက ဘာတွေများဖြစ်မလည်းဆိုတာကိုတော့ ....

Genres:

Action

Thriller