Inhuman Kiss (2019)13 Jun 2019

7.4 /10
56 Reviews

Rate This Movie:

ရွာလေး တစ်ရွာမှာပေါ့ ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိကြတယ် အဲ့ဒီထဲကမွ သရဲ မေၾကာက္တက္တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီး သရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်က အိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇဝင် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ် ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ… အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကို သေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးက အဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်…. ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး… ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါ ရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာ ရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်…. ဘန်ကောက်မှာ စစ်ဖြစ်နေပြီး နွိုင်း က ရွာကို ပြန်ရောက်လာခဲ့တယ် သူတစ်ယောက်ထဲတော့ မဟုတ်ဘူး ကရာစီ (ခေါင်းပြတ်သရဲမ) ဖမ်းတဲ့ မုဆိုးအဖွဲ့တွေပါ ပါလာခဲ့တယ္… အဲ့ဒီလူတွေ ရောက်လာပြီး ကရာစီ ပြန်သောင်းကျန်းလာတယ် ကြက်တွေ နွားတွေ သတ်စားနေရာကနေ လူတွေဘက်ကိုပါ ခြေဦးလှည့်လာတဲ့ အခါမှာတော့…. ဒီဇတ်လမ်းထဲမှာ ထိတ်လန့်စရာ ကြောက်ရွံ့စရာတွေအပြင် အချစ် နဲ့ ပေါင်းစပ်ထားတဲ့ လွမ်းစရာလေးတွေပါ ပါနေပါတယ်… ဆိုင် လေးက အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးမ သူ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ ဂျက် နဲ့ နွိုင်း ကလဲ သူ့ကို သိပ်ချစ်ကြတယ်… ဒါပေမဲ့ မမြင်နိုင်တဲ့ အရာတွေက ဆိုင် ဆီကိုပဲ ဦးတည္လာခဲ့တဲ့ အခါ….. ဒီရုပ်ရှင်ကားကို ကြောက်ကြောက်လန့်လန့် ဘာသာပြန်ပေးထားတာကတော့ Kyi Nue Zin & Nang Mwe Kham တို့ ဖြစ်ပြီး Thit San Khant မှ ရင်ခုန် စွာ Encode ၍ တင်ဆက်ပေးထားပါတယ်

Genres:

Horror

Credit:

Channel Myanmar