5 Centimeters per SecondJanuary 22, 2007

7.8 /10

Rate This Movie:

ဇာတ်လမ်းနာမည်လေးကြားလိုက်ရုံနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပါတယ် Anime ကားလေးတစ်ကားဖြစ်ပေမယ့်လို့ တခြား Anime ကားလေးတွေနဲ့မတူဘဲ Episode ( 3 ) ခု ခွဲပြထားတာကို ထူးထူးဆန်းဆန်းတွေ့ရပါလိမ့်မယ် 13 နှစ်အရွယ်ကလေးနှစ်ယောက်ဘဝကနေ စတင်ဖြစ်ပေါ်လာခဲ့တဲ့သူငယ်ချင်းသံယောဇဉ် ယောကျာ်းလေးတစ်ယောက်အပေါ် မြတ်မြတ်နိုးနိုးနဲ့ တစ်ဖက်သတ်ချစ်ခဲ့မိတဲ့မိန်းကလေးတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ ဖြစ်လာလိမ့်မယ်လို့ထင်ထားမိတဲ့အိမ်မက်လေးတွေက နောက်ဆုံးမှာတကယ်ဖြစ်မလာတဲ့အခါ... ဒီတစ်နာရီစာ Anime ဇာတ်လမ်းလေးကို ကြည့်ပြီးတာနဲ့ တစ်စုံတစ်ရာစူးစူးနင့်နင့်ကြီးခံစားရမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်ခင်ဗျာ အချစ်ဆိုတဲ့အရာနဲ့ကြုံဖူးတဲ့သူတိုင်း အကြောင်းအမျိုးမျိုးကြောင့် ချစ်ရတဲ့သူနဲ့ဆုံဆည်းခွင့်မရရှိခဲ့တဲ့သူတိုင်း ဒီဇာတ်ကားလေးကနေ တစ်ခုခုပြောပြလိမ့်မယ်ဆိုတာညွှန်းဆိုရင်း ချယ်ရီပန်းပွင့်လေးတွေက တစ်စက္ကန့်ကိုငါးစင်တီမီတာနှုန်းနဲ့ကြွေကျနေမြဲပါခင်ဗျာ... ဒီဇာတ်လမ်းလေးကိုဘာသာပြန်ပေးထားသူက Pyae Phyo Oo ဖြစ်ပါတယ်။

Genres:

Drama

Romance