Pocahontas (1995)June 23, 1995

6.7 /10
56 Reviews

Rate This Movie:

ဇာတ်လမ်းလေးက အမေရိကန်လူမျိုးတွေ နယ်မြေသစ်ရှာချိန်ကို အကြောင်းပြုထားပါတယ်။ လူရိုင်းလူမျိုးစုခေါင်းဆောင်ရဲ့သမီး သဘာဝတရားတွေကို လွန်စွာ ချစ်မြတ်နိုးတက်သူ သဘာဝနဲ့ ဆက်သွယ်နိုင်သူလေး Pocahontas ဟာ သူမတို့ရဲ့ ကျွန်းလေးပေါ်ကို ရောက်လာတဲ့ တိုင်းတစ်ပါးသား John Smith နဲ့ သဘာဝ အကြောင်းတရားတွေကို ပြောပြဆိုပြရင်းနဲ့ အနေနီးစပ်ပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လို့ ဇာတ်လမ်းတွေထဲ မပါမဖြစ်ပါဝင်တဲ့ ဗီလိမ် လောဘသားတွေကြောင့် လူရိုင်းတွေနဲ့ လူဖြစ်တွေ စစ်ပွဲတွေဖြစ်ပြီး သူတို့ရဲ့ အချစ်တွေဟာလည်း ဓားစာခံဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ John ဟာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး အမေရိကကို ပြန်ဖို့ အကြောင်းဖန်လာပြန်တော့ လူမျိုးစုခေါင်းဆောင်ဖြစ်တဲ့ Pocahontas တယောက် ဘယ်လို ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်လိုက်ပါနော်။ ဒီကားထဲက ဇာတ်ဝင်ခန်း တစ်ခုမှာ Pocahontas သီဆိုခဲ့တဲ့ Colours of the wind ဆိုတဲ့ သီချင်းလေးဆိုရင်လည်း Admin တို့ အရမ်းကြိုက်ခဲ့ရပါတယ်။ လက်လွှတ်မခံသင့်တဲ့ Disney ရဲ့ ကားကောင်းလေးဖြစ်လို့ အားပေးကြည့်ရှုကြပါဦးနော်။ Review: Alex Yong Translator: Myat Ko Ko Encoder: J Jin Tai -

Genres:

Animation