Face off [1997]June 19, 1997

7.3 /10

Rate This Movie:

1997 ခုနှစ်ကထွက်ရှိခဲ့တဲ့ Face Off က IMDb 7.3ရယ် Tomatoesမှာ ဆိုရင်လဲ 92%ထိရထားတဲ့ Nicolas Cage ရဲ့ကြည့်သင့်တဲ့ဇာတ်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအစမှာတော့ FBI ရဲ့ Agent တစ်ယောက်ဖြစ်တဲ့ ဆမ်အာချာ ကို ရာဇဝတ်မူ့ပေါင်းများစွာနဲ့FBIက အလိုရှိနေတဲ့ ဗီလိန် ကတ်စတာ( Nicolas Cage)က လုပ်ကြံရင်းနဲ့ ဆမ်အာချာရဲ့ သားလေး ကို အမှတ်မထင် သတ်ခဲ့မိရာ ကနေ ကတ်စတာ( Nicolas Cage) ကို ဆမ်အာချာ ရေအဆုံး မြေအဆုံး လိုက်ဖမ်းပါတော့တယ် ကတ်စတာ ကို ဖမ်းမိချိန် နောက်ပြသနာတစ်ခု ထပ်ပေါ်လာတာကတော့ ကတ်စတာ ရဲ့ ညီဟာ မြို့ထဲ ဗုံးထောင်ထားတဲ့ ကိစ္စပေါ်လာရာ ဗုံးရဲ့ ပေါက်ကွဲအား ကမြို့တစ်ခုလုံးတောင် ပျက်စီးနိုင်တာမို့ ဗုံးနဲ့ ပက်သက်လို့ ကတ်စတာရဲ့ ညီကို မေးရာ ဘယ်လိုမှ မေးမရ ဖြစ်နေတဲ့အဆုံး .... ဒဏ်ရာတွေကြောင့် သတိမေ့နေတဲ့ ဗီလိန် ကတ်စတာရဲ့ မျက်နာ အရေပြား နှင့် စုံထောက် ဆမ်အာချာ ရဲ့ မျက်နာအရေပြားကို ခွဲစိတ်ပြီးလဲတပ်ကာ ဆမ်အာချာ ကို ကတ်စတာပုံစံနဲ့ထောင်ထဲ ကိုစုံစမ်းဖို့ လွှတ်လိုက်ချိန် သတိမေ့နေတဲ့ ကတ်စတာ က နိုးလာပြီး ဆမ်အာချာရဲ့ ကျန်ခဲ့တဲ့ မျက်နာ အရေပြားကို ဆရာဝန်ကို လဲတပ်ဖို့ အကျပ်ကိုင် ကာ ဒီ ကိစ္စ သိသူအားလုံးကို ဓာတ်ဆီလောင်း မီးရှိ့ သတ်ကာ အစအနဖျောက်ပြီး စုံထောက် ဆမ်အာချာ အဖြစ်နဲ့ သူ့မိသားစုတွေကော FBIမှာပါ ဝင်မွှေ ရင်း ကနေ ဘယ်လိုတွေ ဆက်ဖြစ်လာမယ်ဆိုကို တော့ Download လုပ်ပီးသာကြည့်လိုက်ပါ.... Review : Martin Solo

Genres:

Action

Thriller