AUGUST RUSH21 November 2007 (USA)

8.5 /10

Rate This Movie:

August Rush Lyla Novacek ဟာသူ့အဖေရဲ့တင်းကျပ်တဲ့စည်းမျဥ်းတွေအောက်မှာနေထိုင်နေရတဲ့တယောပညာရှင်တစ်ယောက်ပါ တစ်ညမှာတော့ပါတီပွဲတစ်ခုကိုသွားရင်း Louis Connelly ဆိုတဲ့တီးဝိုင်းတစ်ခုရဲ့အဆိုတော်နဲ့ချစ်ကြိုက်မိပါတယ်၊ ဒါပေမယ့်နောက်နေ့တွေမှာ Lyla အဖေရဲ့တားဆီးမှုကြောင့်သူတို့အဆက်အသွယ်ပြတ်သွားပါတယ်၊နောက်တော့ Lyla ဟာ Louis ရခဲ့တဲ့ကလေးရှိနေတယ်ဆိုတာသိလိုက်ရပါတယ်၊Lyla ဟာသူ့အဖေနဲ့စကားများရင်းလမ်းမပေါ်ထွက်​ပြေးရာကနေကားအက်စီးဒင့်ဖြစ်သွားလို့ ကလေးကိုအရေးပေါ်မွေးဖွားလိုက်ရပါတယ်၊ ဒါပေမယ့် Lyla ရဲ့အဖေဟာကလေးကိုမိဘမဲ့ဂေဟာပို့လိုက်ပြီး ကလေးသေသွားပြီလို့ပြောခဲ့ပါတယ် Lyla ရဲ့ကလေးဖြစ်သူ Evan Taylor ဟာ အမြဲတမ်းပတ်ဝန်းကျင်ကနေ သံစဥ်တွေကိုကြားနေရသူပါ၊ သံစဥ်တွေနောက်ကိုလိုက်သွားရင်သူ့မိဘတွေကိုတွေ့မယ်လို့ယုံကြည်ထားပါတယ်၊ တစ်နေ့မှာအဲ့သံစဥ်တွေနောက်လိုက်ဖို့ဆုံးဖြတ်ပြီး မိဘမဲ့ဂေဟာကနေထွက်ပြေးခဲ့ပါတယ်၊ လမ်းဘေးမှာဂစ်တာတီးပြီးပိုက်ဆံရှာနေတဲ့ Arthur ဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပြီး Arthur ရဲ့ဂစ်တာကို Evan ကတီးကြည့်ရာကနေ Evan ကဂီတပါရမီရှင်တစ်ယောက်ဖြစ်တာကိုသိလိုက်ကြပါတယ် အဲ့အချိိန်ကစပြီး Evan ဟာသူ့ရဲ့ဂီတသံတွေနဲ့သူ့မိဘတွေကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်၊ သူ့ရဲ့သံစဥ်တွေကိုသူ့မိဘတွေကြားရင်သူ့ကိုသိလိမ့်မယ်လို့ယုံကြည်ထားပါတယ်၊ Evan ရဲ့မိဘတွေက Evan ကိုတွေ့နိုင်ပါ့မလား၊ Evan ရဲ့အရည်အချင်းကိုအသုံးချပြီးအကျိုးအမြတ်ထုတ်ချင်တဲ့လူတွေတွေ့လာရင်ရော လွတ်မြောက်နိုင်ပါ့မလားသိရဖို့ ဒီဇာတ်ကားလေးကိုရှုစားလိုက်ပါတော့

Genres:

Drama