Sweeney Todd: The Demon Barber of Fleet StreetDecember 3, 2007

7.3 /10

Rate This Movie:

ထူးထူးဆန်းဆန်း ဇာတ်ကားလေးတစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပရစေ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ထူးခြားတာက တစ်ကားလုံး စကားကိုသီးချင်းလုပ်ပြောသွားတာပါပဲ ဇာတ်လမ်းဟာ အရမ်းစိတ်ဝင်စားစရာကောင်းပီး (လူသားပေါက်စီဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်နေပါတယ်) သရုပ်ဆောင်သူက နာမည်ကြီး ဂျက်စပဲရိုးမင်းသားကြီး(Johnny Depp) ဖြစ်လို့ ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ ညွန်းနေစရာပင်လိုမယ်မထင် .....အမြည်းလေးတော့ပေးလိုက်ဦးမယ် အလွန်ရိုးသားတဲ့ သာမာန်ဆံသဆရာလေးတစ်ယောက်နဲ့ သာယာတဲ့ မိသားစုလေးတစ်ခု ကိုမထင်မှတ်ထားတဲ့ ကံကြမ္မာ မုန်တိုင်း ဝင်တိုက်ခဲ့တဲ့အခါမှာ မိသားစုလေးဖျက်စီးခံရပီး ဇနီး လဲအစော်ကားခံရ သမီး လေးလဲတစ်နေရောက်သွားခဲ့ရလေတယ် အချိန်တွေကြာလို့ စိတ်ဒဏ်ရာ အထပ်ထပ်နဲ့ပြန်လာတဲ့ ဆံသဆရာလေး ဇာတ်လမ်း နာမည်ကလို Demon နတ်ဆိုးတစ်ကောင်လို ဘာကြောင့်ပြောင်းသွားခဲ့ရလဲ လက်စားခြေရင်း လူသတ်ရတဲ့အရသာတွေ့သွားတာတွေကို တကယ် အကွက်မိမိရိုက်ထားတာဖြစ်လို့ လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. ကျွန်တော်တို့ EBOX သို့ အလည်လာသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ Reviewed By Megabird Translated By Megabird Encoded By Oscar Myo Min

Genres:

Mystery

Thriller