It's Okay to Not Be Okay

8.5 /10

Rate This Movie:

It's ok not to be Okay (or) psycho but it's ok/ alright လို့လည်း ခေါ်လို့ရပါတယ် ဒီကားလေးကတော့ မင်းသား Kim soo -hyun စစ်မှုထမ်းပြီး မှ ပထမဆုံးပြန်ရိုက်ထားတဲ့ကားသစ်လေးဖြစ်ပါတယ် မင်းသမီးကလည်း အားလုံးသိကြတဲ့ lawless laywer ကားတဲ့က မင်းသမီး (Soe Ye ji) ပဲဖြစ်ပါတယ် ကားထဲ့မှာတော့ Moon Kang-Tae (Kim Soo -Hyun) က စိတ်ကျန်းမားရေးအထူးကုဌာနက ကျန်းမာရေး၀န်ထမ်း ဖြစ် ပြီး လူနာတွေကို စာနာနားလည်ပေးတတ်တဲ့ လူတစ်ယောက်ပါ.. Moon Kang မှာ သူထက် 8 နှစ်ကြီးတဲ့ Autism ( အထီးကျန်ဝေဒနာ) ခံစားနေရတဲ့အကိုကို စောင့်ရှောက်နေရသူပါ.. သူဘ၀အတွက် သူ့အကိုက အရေးကြီးတဲ့ သူတစ်ယောက်ပါ.... Ko Moon- Young (Soe Ye Ji)ကတော့ ကလေးစာပေတွေကိုရေးသားတဲ့ နံမည်ကြီး စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်.. သူမဟာ မာနကြီးလွန်း ခေါင်းမာပြီး တစ်ကိုယ်ကောင်းဆန်းတဲ့သူလို့ လူသိများပါတယ်.... သူမကိုယ်သူမ ငယ်ငယ်ကလေးထဲ့က မကောင်းဆိုးဝါးတစ်ကောင်လို့သတ်မှတ်ပြီး ဘယ်သူမှ သူမဘေးနားမှာမနေဘူးလို့ ယုံကြည်ထားသူပါ... အဲ့လို့နဲ့ ကျန်းမားရေး၀န်ထမ်း ဘ၀နဲ့ရုန်းကန်နေတဲ့ Moon Kang-taeနဲ့ ငယ်ငယ်ကတည်းက လိုချင်တာရခဲ့ပြီး မာနကြီးတဲ့ Ko Moon- Yong တိုတွေဆုံတဲ့အခါမှာတော့..... ဇာတ်လမ်းကလည်းဆွဲဆောင်မှု ရှိတဲ့အပြင်... မင်းသားနဲ့မင်းသမီး အတွဲကလည်း တကယ်ကို လိုက်ဖက်လွန်းပါတယ်.. ကြည့်ရှုနှုန်းလည်းများပြီ ကားကောင်းလေးဖြစ်တာမို့ လက်လွတ်မခံသင့်ပါဘူးနော် ...

Genres:

Romance

Drama