Romeo x Juliet

7.6 /10

Rate This Movie:

အခု မိတ်ဆက်ပေးမှာက "Romeo & Juliet" anime လေးပဲ ဖြစ်ပါတယ် Romeo & Juliet လို့‌ပြောလိုက်နဲ့ အားလုံး သိကြမယ်လို့ထင်ပါတယ် ဟုတ်ပါတယ် Romeo & Juliet က သူတို့ ချစ်ခြင်းကြောင့်နာမည်ကြီးပါတယ် ဒီကားလေးက IMDb 7.3/10 ရရှိထားပြီး 'Romance, Drama, Animation, Tragedy' အမျိုးအစားပဲဖြစ်ပါတယ် မူရင်းဇာတ်လမ်းကို အ‌ခြေခံထားတာဖြစ်ပေမဲ့ မတူတဲ့ အချက်ကတော့ "မြင်းပျံ"‌ တွေပါရှိတာပါ "Neo verona" ဆိုတဲ့ မြို့တော်မှာ Carpulet မိသားစု နဲ့ Montague မိသားစု နဲ့က ရန်ဘက်တွေပါ ဇာတ်လမ်းအစမှာ Juliet ရဲ့အဖေက Romeo ရဲ့အဖေ သတ်ခြင်းကိုခံခဲ့ရပြီး တစ်မိသားစုလုံးမှာ Juliet တစ်ယောက်ကိုသာကယ်တင်နိုင်ခဲ့ပါတယ် Juliet က ငယ်လွန်းတဲ့ အတွက် ဒါတွေကို သိပ်မမှတ်မိခဲ့ပါဘူး Montague တွေက Carpulet တွေဆီက Neo Verona ကိုသိမ်းပိုက်ခဲ့ပြီးနောက် မြို့တော်ဟာ မငြိမ်သက်တော့ပါဘူး Juliet ဟာ ယောကျာ်းလေးတစ်ယောက် အသွင်နဲ့ ဖုံးကွယ်ပြီး နေထိုင်ခဲ့ရပါတယ် သူမကတော့ အကြောင်းအရင်းကိုမသိခဲ့ပါဘူး တစ်ရက် Montague အိမ်တော်က ကျင်းပတဲ့ပွဲမှာ အမှတ်မထင် Romeo နဲ့တွေ့ခဲ့ပြီး နှစ်ဦးသား ခံစားချက်တွေ စတင်ပေါ်ပေါက်လာပါတယ် Julietဟာ သူမ 16 နှစ်ပြည့်မွေးနေ့မှာ အဖြစ်မှန်တွေအားလုံးကို သိလိုက်ရပြီး‌နောက် ~~ ‌နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် မူရင်းဇာတ်လမ်းထဲလိုမျိုး ဇာတ်သိမ်းလား ပရိတ်သတ် မျှော်လင့်ထားသလိုဇာတ်သိမ်းမလားဆိုတာကတော့~~~~

Genres:

Drama

Fantasy

Historical

Romance

Season 01