Kekkai Sensen

7.67 /10

Rate This Movie:

ဓာတ်ပုံဆရာ Leonardo Watch ဟာသူ့မိသားစုနဲ့နယူးယောက်မြို့ကိုလာရင်း သဘာဝလွန်ကပ်ဘေးကြီးနဲ့ကြုံခဲ့ရာမှာ သူ့ရဲ့ညီမဖြစ်သူဟာ Leonardo ကိုအမြင်အာရုံအဆုံးရှုံးခံပြီးကယ်တင်ခဲ့ပါတယ်၊ ရလဒ်ကတော့ Leonardo မှာဘယ်အရာကိုမဆိုမြင်နိုင်တဲ့မျက်လုံးတစ်စုံရသွားခဲ့ပါတယ်၊ The great collapse လို့ခေါ်တဲ့သဘာဝလွန်ကပ်ဘေးကြီးကြောင့်နယူးယောက်မြို့ကိုတခြားကမ္ဘာလောကသားတွေရောက်လာပြီး အမြဲတမ်းဖြစ်ရပ်ဆန်းတွေနဲ့ဗြောင်းဆန်နေတဲ့ ဟဲဆလင်မြို့အဖြစ်အမည်တွင်သွားပါတော့တယ်၊ ၃နှစ်ကြာပြီးနောက်မှာတော့ Leonardo ဟာ ဟဲဆလင်မြို့ကိုပြန်လာရင်းသူ့ရဲ့ဓာတ်ပုံပညာနဲ့သတင်းထောက်ဖြစ်အောင်ကြိုးစားနေခဲ့ပါတယ်၊ တိုက်ဆိုင်မှုတစ်ခု​ကြောင့် မြို့ထဲက Libra ဆိုတဲ့လူထူးဆန်းတွေပါဝင်တဲ့လျှို့ဝှက်အဖွဲ့အစည်းနဲ့တွေ့သွားတဲ့အခါ Leonardo ဟာသူ့ညီမလေးမျက်စိပြန်မြင်အောင်နည်းလမ်းရှာဖို့ရည်ရွယ်ချက်နဲ့ Libra အဖွဲ့ထဲဝင်လိုက်ပါတော့တယ်၊ ဟဲဆလင်မြို့က အပြင်ကမ္ဘာသားတွေနဲ့ လူသားတွေကြားမျှတအောင်ထိန်းညှိပေး၊ ဒုစရိုက်တွေနှိမ်နင်းပေးနေတဲ့ Libra အဖွဲ့သားတွေရဲ့အစွမ်းပြပုံတွေ၊ Leonardo ရဲ့မျက်လုံးကိုအသုံးချကူညီပေးပုံတွေနဲ့ မြို့ကိုလွန်ခဲ့တဲ့ ၃နှစ်ကလိုကပ်ဘေးပြန်ဖြစ်အောင်ကြိုးစားနေတဲ့ အပြင်ကမ္ဘာကရန်သူတွေနဲ့ရင်ဆိုင်ရပုံတွေကို animation ကောင်းကောင်းနဲ့ရင်သပ်ရှုမောကြည့်ရမှာဖြစ်ပါတယ်

Genres:

Action

anime

Comedy

Supernatural

Shounen

Fantasy

Season 01