Doctor Detective

8.5 /10
56 Reviews

Rate This Movie:

ယနေ့ခေါတ် လူမှုအတိုင်းအဝိုင်းတွေထဲမှာ ဆင်းရဲဒုက္ခကို ခံရပြီး လျစ်လျူရှူ့ခံထားရတဲ့သူတွေ ရှိနေပါတယ် သူတို့က ဆိုးလှတဲ့ မတော်တဆမှုတွေထဲ မကြာခဏဆိုသလို ပါဝင်နေကြတယ် ဥပမာပြောရမယ်ဆိုရင် လုပ်ငန်းခွင် မတော်တဆဖြစ်မှုပေါ့နော် 😁😁 ဒီလိုဖြစ်ပြီဆိုရင် သေဆုံးခြင်းနဲ့ အဆုံးသတ်ရပါတယ် 😓😓 များသောအားဖြင့် ဘေးအန္တရာယ်တွေကို ထိထိရောက်ရောက် တားဆီးဖို့ လိုအပ်ပါတယ် ဒါပေမယ့် ကုမ္ပဏီတချို့နဲ့ ထုတ်လုပ်သူတချို့က အခွန်ဈေးနှုန်းတွေ မြှင့်တက်နေတဲ့အတွက်ကြောင့် ဘေးအန္တရာယ်ကျရောက်မှုကို ကြိုတင်ကာကွယ်ဖို့မလုပ်နိုင်ခဲ့ပါဘူး ဒါဟာ လုပ်ငန်းခွင့် မတော်တဆဖြစ်မှုကို ယူဆောင်လာတဲ့ အကြောင်းအရင်းတစ်ချက်ပါ Doctor Detective ဆိုတဲ့ Drama ကတော့ လုပ်ငန်းခွင်မတော်တဆကြောင့် ရောက်လာတဲ့လူနာတွေကို ကုသရင်း အဲဒီမတော်တဆမှုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ကြတဲ့ ဆရာဝန်တွေအကြောင်းကို အခြေခံထားတာပါ Joong Eun ဆိုတဲ့ ဆရာဝန်လောကမှာ ထူးခြားတဲ့ အရည်အချင်းကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ သူမဘဝမှာ ခက်ခက်ခဲခဲ ရခဲ့တဲ့အတွေ့အကြုံတွေကြောင့်ပဲ UDC နဲ့ အချိတ်အဆက်ရခဲ့ ပါတယ် ပြီးတော့ သူမဟာ လုပ်ငန်းခွင်မတော်တဆကြောင့် ရောက်ရှိလာတဲ့ လူနာတွေကို ကုသရင်း အာဏာရှင်တွေရဲ့ ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်ကြိုးပမ်းဖော်ထုတ်ပါတော့တယ် ကဲဇာတ်လမ်း အစအလယ်အဆုံးထိ လုံးဝ ငြီးငွေ့စရာမရှိပဲ ဆွဲခေါ်သွားမယ့် ကားမျိုးပါ စိတ်ဝင်စားစရာ ကောင်းပြီး ကြည့်ရ အရှုံးမရှိတဲ့ကားမျိုးပါ

Genres:

Medical

Credit:

EBOX

Season 01 (1)