Love Affairs in the Afternoon

7.7 /10
56 Reviews

Rate This Movie:

ဇာတ်လမ်းအကျဉ်းပြောမယ်နော် ဒီလိုပါ Son Ji Eun ဆိုတဲ့အမျိုးသမီးဟာ အိမ်ထောင်သည်တစ်ဦးပါ သူမအမျိုးသားဟာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး မကျယ်လှတဲ့မြို့ငယ်လေးထဲမှာ တာဝန်ကျတာကြောင့် သူမလည်းအတူတူလိုက်နေပါတယ် သူမဟာ အနေအေးပြီး ရိုးသားတဲ့သူတစ်ယောက်ပါ. မားကတ်ထဲမှာ အချိန်ပိုင်းအလုပ်ကို ဝင်လုပ်ပါခဲ့ပါတယ် သူတို့နှစ်ယောက် အိမ်ထောင်သက်တမ်းကြာနေတာတောင် ကလေးမရကြသေးပါဘူး ယောက်ကျားဖြစ်သူက သူမအပေါ် ဂရုစိုက်ခြင်းလုံးဝ မရှိလှပါဘူး သူမ ဘဝဟာအဓိပ္ပါယ် မဲ့ခဲ့ရပါတယ် ဇီဝဗေဒကျောင်းဆရာလေး Yoon Jung Woo နဲ့ တွေ့ပြီး နောက်သူမဘဝဟာ သက်ဝင်လှုပ်ရှားလာပါတယ် တဖက်က ဂရုမစိုက်တတ်တဲ့ အမျိုးသားနဲ့ တဖက်က ဘဝကို သက်ဝင်လာအောင် လုပ်ဆောင်ပေးတဲ့သူ နှစ်ကြား ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရမယ့် ကားမျိုးပါ Info: မင်းသားက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပေမယ့် မင်းသမီးကတော့ ပထမဦးဆုံးရိုက်ဖြစ်တဲ့ ဇာတ်လမ်းပါ ဒီဇာတ်လမ်း ဂျပန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါ ဂျပန်ဇာတ်လမ်း အင်မတန်အောင်မြင်ခဲ့တာကြောင့် ဇာတ်လမ်းမကောင်းမှာတော့ စိတ်ပူစရာမလိုတော့ပါဘူး အပတ်စဉ် သောကြာ စနေ မှာ ပြသပြီး တစ်ပတ်ကိုနှစ်ပိုင်း ပြသပါတယ် #အချစ်ဟာနေ့ခင်းဘက်မှာဖြစ်ပေါ်ပါသတဲ့လေ

Genres:

Drama

Credit:

EBOX