Plastic Memories

8.1 /10
56 Reviews

Rate This Movie:

Name-Plastic Memories Type-Series Rating-8/10 Genre-Visual Novel,Drama,Romance,Science Fiction Episodes-13 ဇာတ်ကားလေးကတော့ရိုးရှင်းပါတယ် ဇာတ်ကားအစမှာ Tsukasa Mizugaki လို့ခေါ်တဲ့ ကောင်လေးက အလုပ်လျှောက်ဖို့မိုးရေထဲအပြေးအလွှားလျှောက်လာခဲ့ပါတယ် သူအလုပ်လျှောက်မယ့် ကုမ္ပဏီထဲလဲရောက်တော့ နောက်ကျနေတာမို့ ဓာတ်လှေကားထဲအမြန်ဝင်လိုက်ပါတယ် ဓာတ်လှေကားထဲမှာ Isla လို့ခေါ်တဲ့ကောင်မလေးနဲ့သွားတွေ့ပါတယ် ကောင်မလေးကမျက်ရည်လေးတွေဝဲပီး ဓာတ်လှေကားအပြင်ကိုငေးကြည့်နေတာပါ ကောင်မလေးပုံလေးကထူးခြားနေတာမို့ ကောင်လေးက မြင်မြင်ချင်းစိတ်ဝင်စားသွားတယ်ဘဲပြောရမလား 😂 နောက်နေ့ကောင်လေး အလုပ်လဲသွားရော သူအလုပ်လုပ်တဲ့နေရာမှာအဲ့ထူးခြားတဲ့ကောင်မလေးကိုပြန်တွေ့ပါတယ် ကောင်လေးကပျော်သွားတာပေါ့(ကျနော်ဆိုလဲပျော်မှာဘဲ) 😂 သူကမိတ်ဆက်တော့ကောင်မလေးကထူးခြားတဲ့ပုံနဲ့တုံ့ပြန်တယ် နောက်မှကောင်လေးသိခဲ့ရတာကောင်မလေးက စက်ရုပ်ဆိုတာဘဲ နောက်တော့ကောင်လေးနဲ့ကောင်မလေး...... တော်ဘီဆက်မရေးတော့ဘူးကွကိုသာကြည့်ကျတော့ 😂 လူနဲ့စက်ရုပ်ကြားကအချစ်ဇာတ်လမ်းလေးကို ရိုက်ထားတာပါ ကျနော်တောင်ငိုမိပါတယ် 😢😢 ကျနော်ကလဲနော်မငိုတဲ့ကားရှိသေးလား 😂 ဒါတော့တကယ်ငိုရတာပါ 13 ပိုင်းဘဲရှိပါတယ် ဝမ်းနည်းစရာလေးတွေ Romance တွေပါသလို comedy လဲနဲနဲပါတယ် Episode 1 ကစပီးငိုရမှာပါ 😢😢 #Shikoto #WorldofAnimeMyanmar

Genres:

Drama

Credit:

EBOX

Season 1 (5)