Welcome 2 Life

9 8 /10
56 Reviews

Rate This Movie:

Welcome 2 Life 웰컴2라이프 ကဲအားလုံးမျှော်နေကြတဲ့ "Welcome 2 Life" ကို E box ကနေတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကို အပတ်စဉ် တနင်္လာ အဂါၤ နေ့များမှာ MBC ရုပ်သံကနေထုတ်လွင့်ပြီး အပိုင်း ၃၂ ပိုင်းပါဝင်မှာ ဖြစ်ပါတယ် ဇာတ်လမ်းအမျိုးအစား Romance, Fantasy Lee Jae Sang (Bi) ဆိုတဲ့အမျိုးသားတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးဆုံး Law Firms တစ်ခုဖြစ်တဲ့ JK Law Firm က ရှေ့နေတစ်ယောက်ပါ. သူကအရမ်းတော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပေမယ့် သူ့အကျိုးအမြတ်ရဖို့အတွက်ပဲ ဂရုစိုက်တတ်တဲ့သူတစ်ယောက်ပါ. တစ်နေ့မှာ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ယာဉ်တိုက်မှုဖြစ်ပြီးနောက် သူတခြားတစ်ယောက်လိုဖြစ်သွားပါတော့တယ် အဲဒီနောက် Lee Jae Sang ကသူကိုယ်သူ အစိုးရရှေ့နေတစ်ယောက်ဆိုတာ သိရှိခဲ့ပါတယ် 😉 နောက်ပြီး Lee Jae Sang ကိုချစ်ပြီး သစ္စာရှိတဲ့ Ra Shi On(Im Ji Yun) နဲ့ လက်ထပ်ခဲ့ပါတယ် 😍 Lee Jae Sang နဲ့ Ra Shi On တို့က လွန်ခဲ့တဲ့ ၁၀နှစ် Ra Shi On စုံထောက်အလုပ်စလုပ်ကတည်း လမ်းခွဲခဲ့ကြတာပါ 😇 ကဲ Lee Jae Sang တစ်ယောက် လမ်းခွဲထားတဲ့ ချစ်သူနဲ့ ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲ ကားအက်စီးဒန့်ကရော သမာရိုကျပဲလား နောက်ကွယ်မှာရော ဘယ်သူတွေရှိနေမလဲ စတဲ့ စတဲ့ စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေနဲ့ တချို့ချို့နေရာတွေမှာ ဟာသလေးတွေပါ ထည့်ရိုက်ပေးထားတော့ အထူးတလည်မညွှန်တော့ဘူးနော် ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Rain(Bi) နဲ့ Im Ji Yun တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြား သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ် #Review KHS2

Genres:

Drama

Credit:

EBOX

Season 1 (3)