Akame Ga Kill

7.7 /10

Rate This Movie:

ဘုရင်ခေတ်တော်လှန်ရေးကားတချို့ကြည့်ဖူးကြမှာပါ အသုံးမကျတဲ့ဘုရင်ရဲ့စနစ်ဆိုးကြောင့်ပြည်သူတွေဒုက္ခရောက်ကြတာကြောင့်ပြည်တွင်းစစ်တွေဖြစ်ကြပြီးဘုရင်ကိုတော်လှန်ကြတာတွေပေါ့ အခုanimeကလည်းတော်လှန်ရေးကားတစ်ကားပါ နယ်စွန်နယ်ဖြားမှာနေထိုင်တဲ့Tatsumiဆိုတဲ့ကောင်လေးက ရွာကောင်ကျိုးအတွက်သူငယ်ချင်းနှစ်ယောက်နဲ့အတူ Capitalဆိုတဲ့ဘုရင်နေထိုင်တဲ့မြို့ဆီထွက်ခွာလာခဲ့ပါတယ် လမ်းမှာTatsumiကသူငယ်ချင်းနှစ်ယောက်နဲ့မျက်ခြေပြတ်သွားခဲ့ပါတယ် လမ်းမှာအခက်အခဲတွေကိုတစ်ယောက်တည်းရင်ဆိုင်ရင်း Capitalထဲသို့ရောက်ရှိလာပါတော့တယ် မြို့ထဲဝင်စမှာမိန်းကလေးတစ်ယောက်ကလှည့်ဖျားကာ Tatsumiရဲ့ရွှေပြားတွေအကုန်ယူသွားလေတယ် ညမှောင်ချိန်နေစရာမရှိတာကြောင့်လမ်းဘေးထိုင်နေချိန် လှည်းတစ်လုံးပေါ်ကကလေးမတစ်ယောက်က Tatsumiကိုသူ့အိမ်လာတည်းဖို့ခေါ်လေတယ် ချမ်းသာတဲ့အိမ်ကြီးမှာTatsumiနွေးထွေးတဲ့ညတစ်ခုပိုင်ဆိုင်ခဲ့တယ် နောက်နေ့ကလေးမပစ္စည်းထွက်ချိန်လိုက်ပါလာခဲ့ပြီးနံရံတွေမှာ wantedဆိုပြီးကပ်ထားတဲ့သူတွေက Night Raid ဆိုတဲ့ကြေးစားသူပုန်အဖွဲ့အစည်းတစ်ခုကလူတွေမှန်းသိသွားတယ် ကလေးမရဲ့ကိုယ်ရံတော်ပြောစကားအရCapitalကိုအုပ်စိုးနေတဲ့ဘုရင်ကကလေးတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေကြိုးကိုင်နေသူရှိမှန်းသိခဲ့ရတယ် ညရောက်တဲ့အခါမှာTatsumiမှန်တွေအနားလမ်းလျှောက်နေချိန် Night Raidရောက်ရှိလာတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ် ထွက်လာသမျှလူအကုန်ကိုသတ်နေတာကြောင့်Tatsumiက ကလေးမလက်ကိုဆွဲပြီးသစ်ပင်တွေကြားဆီထွက်ပြေးတယ် အဆောက်အအုံတစ်ခုရောက်ချိန် Night Raid အဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကမှီလာတာကြောင့် Tatsumiတစ်ယောက်ဓားထုတ်ရပါတော့တယ် အမျိုးသမီးကTatsumiကိုမသတ်ပဲထွက်ပြေးခိုင်းသော်လည်း ကလေးမကိုကာကွယ်ချင်သောTatsumiက ထိုအမျိုးသမီးနဲ့ဓားရေးယှဉ်ရပါတော့တယ် Tatsumiသတိတစ်ချက်လွတ်ချိန်အမျိုးသမီးရဲ့ဓားက Tatsumiနှလုံးဆီဆိုက်ရောက်လာပါတော့တယ် ဒီanimeကဘုရင်ခေတ်စနစ်ဆိုးရဲ့ရက်စက်ပုံတွေကိုသေချာဖော်ပြထားပါတယ် သတ်မလားသေမလားရွေးချယ်ရပုံတွေကိုလည်းတွေ့ရမှာပါ ကိုယ့်အဖွဲ့သားတွေကိုယ့်ရှေ့မှာရက်ရက်စက်စက်အသတ်ခံရတာတွေကိုလည်းခံစားရခက်စွာတွေ့မြင်ရမှာပါ စစ်မှာမတရားတာမရှိဘူးဆိုတာတွေ့မြင်ရမှာပါ လူသတ်တာကလူဆိုးလား မကောင်းတာလုပ်တာလူဆိုးလား လူကောင်းကောလူမသတ်ဘူးလား စိတ်ထားကောင်းတိုင်းလူကောင်းလား စသဖြင့်မေးခွန်းများစွာမေးမိမှာပါ တော်လှန်ရေးကားဖြစ်တာကြောင့်စိတ်အပန်းပြေ အာသာပြေအနေနဲ့မကြည့်ဖို့ပြောချင်ပါတယ် ကြည့်ပါကလည်းစိတ်ခိုင်ခိုင်ထားစေလိုပါတယ် စိတ်မခိုင်ရင်ခေါင်းအုံးတစ်လုံးနဲ့တစ်သျှူးတစ်လိပ်ဘေးယူထားပါ ကြည့်ပြီးစိတ်ဆင်းရဲတယ်မပြောပါနဲ့ စိတ်မဆင်းရဲချင်ကmangaဖတ်ပါ but manga endingထက်စာရင်anime endingကိုသာopကရွေးပါတယ် #LayYinKween

Genres:

Action

Adventure

Fantasy

Drama

Shounen

Season 01

Episode 01

Kill the Darkness

Episode 02

Kill the Authority

Episode 03

Kill Your Cares

Episode 04

Kill the Imperial Arm Users

Episode 05

Kill the Dream

Episode 06

Kill the Absolute Justice

Episode 07

Kill the Three: Part 1

Episode 08

Kill the Three: Part 2

Episode 09

Kill the Battle Fanatic

Episode 10

Kill the Temptation

Episode 11

Kill the Mad Scientist

Episode 12

Kill the Newcomers

Episode 13

Kill the Nuisances

Episode 14

Kill the Colossal Danger Beast

Episode 15

Kill the Religious Organization

Episode 16

Kill the Puppets

Episode 17

Kill the Curse

Episode 18

Kill the Demons

Episode 19

Kill the Fate

Episode 20

Kill the Carnage