A Certain Scientific Accelerator

7.3 /10

Rate This Movie:

ဒီ anime လေးကတော့ အရှေ့ကထွက်ခဲ့တဲ့ A certain magical index နဲ့ A certain scientific railgun တို့ရဲ့အဆက်လေးပါ အရင်ကပါခဲ့တဲ့ accelerator ဆိုတဲ့ အဆင့်၅ esper ဟာ ဒီမှာတော့အဓိကဇာတ်ကောင်ဖြစ်ပါတယ် academy city မှာ esper တွေကို အဆင့် 0 ကနေ 5 အထိခွဲထားရာမှာ အမြင့်ဆုံးအဆင့် 5 esper ခုနစ်ယောက်ရှိပါတယ် acceleratorကတော့ အဲ့ခုနစ်ယောက်ထဲ အစွမ်းအကြီးဆုံး esper ဖြစ်ပါတယ် သူ့ရဲ့ပုံစုံကတော့ hero type မဟုတ်ပဲ anti hero တစ်ယောက်လို သူလုပ်ချင်ရာလုပ်နေပြီး ဘယ်သူ့မှဂရုမစိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ် စိတ်ကလည်း crazy ဖြစ်နေပါတယ် သူ့ရဲ့အစွမ်းတွေကတော့ အရှိ်န် အပူ လျှပ်စစ်စတဲ့ vector တွေမှန်သမျှကို ထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ် သူနောက်ဆုံးလုပ်ခဲ့တဲ့မစ်ရှင်တစ်ခုမှာ accelratorဟာ ခေါင်းကို သေနတ်ကျည်ဆံမှန်ပြီး ဆေးရုံတက်နေရပါတယ် accelerator ကိုသတ်ချင်တဲ့လူတစ်စုဟာ လေသန့်စက်ရုံကလျှို့ဝှက်လက်နှက်တစ်ခုကို ခိုးသွားပါတယ် လက်နက်ရဲ့အစွမ်းနဲ့ accelerator တက်နေတဲ့ဆေးရုံကိုဖောက်ဝင်ပြီးရောက်လာကြတဲ့အခါ accelerator နဲ့ ဘယ်လိုတွေရင်ဆိုင်ကြရမလည်း accelerator ကလည်းသူ့ရဲ့အစွမ်းတွေကိုဘယ်လိုသုံးပြမလည်း နောက်ပိုင်းမှာ esper တွေရဲ့အစွမ်းတွေကိုအသူံးချပြီး မကောင်းမှုတွေကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေကို တွေ့ရတဲ့အခါ ဘယ်လိုနှိမ်နင်းမလည်းဆိုတာ စောင့်ကြည့်ကြစေချင်ပါတယ် အခုမှ နှစ်ပိုင်းပဲထွက်သေးတဲ့ ပြခါစ ongoing series လေးလည်းဖြစ်တာမို့ mmsub စောစော ကြည့်ချင်တဲ့သူတွေ page ပေါ်မှာ app ပေါ်မှာ စောင့်ကြည့်ထားကြပါတော့ @Pyi Ti Nyein

Genres:

Action

Adventure

Animation