The X Files

8.5 /10

Rate This Movie:

ဒီစီးရီးက1993တုန်းကအမေရိကန်မှာစပြခဲ့ပြီးအရမ်းကိုနာမည်ကြီးခဲ့ပါတယ် ဇာတ်ကားထဲကဇာတ်ကောင်တွေကိုစိတ်ကူးယဥ်ဖန်တီးထားတာဖြစ်ပေမယ့်ဖြစ်ရပ်တစ်ချို့ကိုတော့အပြင်မှာတစ်ကယ်ဖြစ်ခဲ့တဲ့အဖြေရှာမရတဲ့ဖြစ်ရပ်တွေအပေါ်အခြေခံထားတာပါ Dana Scully ဆိုတဲ့ဆရာဝန် FBI အေးဂျင့်အမျိုးသမီးဟာ Fox Mulder ဆိုတဲ့ FBI အေးဂျင့်ရဲ့စုံစမ်းမှုတွေကိုလိုက်လေ့လာဖို့တာဝန်ပေးခံရပါတယ် Mulder ဟာအစိုးရကအဖြေရှာမရလို့ X files လို့နာမည်တပ်ပြီးပိတ်သိမ်းလိုက်တဲ့အမှုတွေကိုစုံစမ်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူဟာငယ်ငယ်ကကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့် ဂြိုလ်သားတို့ UFO တို့လိုဖြစ်ရပ်ဆန်းတွေကိုယုံ​ကြည်သူပါ သူ့ရဲ့လုပ်ရပ်တွေကြောင့် FBI အကြီးအကဲတွေဟာ သူ့ကိုစောင့်ကြည့်ဖို့ Scully ကိုတာဝန်ပေးလာတာဖြစ်ပါတယ် Scully ကတော့အဲ့လိုဖြစ်ရပ်တွေကိုလုံးဝအယုံအကြည်မရှိပါဘူး Scully ဟာ Mulder နဲ့အတူစုံစမ်းမှုတွေမှာပါဝင်ရင်း သူ့ရဲ့ဆေးပညာသိပ္ပံပညာတွေနဲ့အဖြေပေးမရတဲ့ကိစ္စတွေကိုတွေ့လာတဲ့အခါမှာ Scully က Mulder ကိုယုံကြည်လာမလား? ဂြိုလ်သားတွေ UFO တွေကရောတစ်ကယ်ရှိတာလား? FBI ကအထက်လူကြီးတွေကဒီဖြစ်ရပ်တွေကိုမပေါက်ကြားအောင် နည်းမျိုးစုံနဲ့ဖုံးဖိထားတာလား? အေးဂျင့်နှစ်ယောက်ဘယ်လိုဆန်းကျယ်မှုတွေအန္တရာယ်တွေနဲ့ကြုံတွေ့လာရမလဲဆိုတာကိုသိချင်ရင် The X files စီးရီးကိုရှုစားလိုက်ကြပါ Pyi T. Nyein

Genres:

Crime

Drama

Mystery

Season 01