The Dragon Princes

8.4 /10

Rate This Movie:

ခိုင်မာတဲ့ ဇာတ်အိမ်တည်ဆောင်မှုနဲ့ "Dragon Prince" ဇေဒီယာဆိုတဲ့ မှော်တိုင်းပြည်ကြီးမှာ နေ ၊ လ ၊ ကြယ် ၊ ကောင်းကင် ၊မြေကြီးနဲ့ သမုဒ္ဒရာဆိုတဲ့ ရင်းမြစ်၆ခုကနေလာတဲ့ မှော်စွမ်းအင်တွေရှိပါတယ်။ တစ်နေ့မှာ လူသားမှော်ပညာရှင်တွေက ၇ခုမြောက် ရင်းမြစ်ဖြစ်တဲ့ အမှောင်မှော်စွမ်းအားကိုပါ ဖန်တီးခဲ့ပါတယ်။ အဲ့လိုနဲ့ သူတို့တွေဟာ ပြိုင်စံရှားမှော်စွမ်းအင်တွေကို ရယူဖို့ ကြိုးစားရင်း ဇေဒီယာနဲ့ လူသားတိုင်းပြည်တို့ကြား တင်းမာမှုတွေ စတင်လာပါတယ်။ လူကြီးတွေကြားမှာ မောဟဒေါသတွေနဲ့ ပြည့်နေပေမယ့် တိုင်းပြည်နှစ်ပြည်က ကလေး၃ယောက်ကတော့ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေ တိုးပြီးရင်းတိုးလျှက်ပါ။ အဲ့ဒီ့ ကလေး၃ယောက်ကကယ်လန် ၊ အက်ရန် နဲ့ ရေလာတို့ ပဲဖြစ်ပါတယ်။ သူတို့ထဲက ကယ်လန် နဲ့ အက်ရန်တို့က Katolis ပြည်က ဟော်ရိုဘုရင်ကြီးရဲ့ သားတော်နှစ်ယောက်ပါ။ ကယ်လန်ကိုတော့ မွေးစားထားတာပါ။ အက်ရန်ကတော့ သားအရင်း အိမ်ရှေ့စံတစ်ပါးပေါ့။ ဒါပေမယ့် အသက်အရမ်းငယ်သေးတာကြောင့် သူ့ကို ဗာရန်က ထီးနန်းမပေးလိုပါဘူး။ ဗာရန်ဆိုတာက ဟော်ရိုဘုရင်ကြီးရဲ့ လူယုံအကြံပေး သစ္စာဖောက်တစ်ယောက်ပါ ။ သူက Katolis တိုင်းပြည်ကြီးကို သိမ်းယူချင်နေတဲ့သူပါ။ အဲ့တာကြောင့် ဇေဒီယာနဲ့ Katolis နှစ်နိုင်ငံကို ရန်တိုက်ပြီး စစ်မတ်ဖြစ်ပွားအောင်သွေးခွဲခဲ့ပါတယ်။ ဗီလိန်အကြီးစားကြီးပေါ့။ Dragon Prince မှာနောက်ထပ် ဇာတ်ကောင်တွေလည်း အများကြီးပါပါသေးတယ်။ နဂါးတွေ ၊ နတ်သူငယ်တွေ နဲ့ အခြား စိတ်ဝင်စားစရာတွေကိုလည်း တွေ့ရမှာပါ။ Storyline ကို အဓိကထားပြီး စွဲဆောင်မှုရှိရှိ ဖန်တီးထားတဲ့ အန်နီမေးရှင်းမို့လို့ အက်မင်ကတော့ အရမ်းကို ကြိုက်ပါတယ်။

Genres:

Family

Animation

Adventure

Season 01