JoJo's Bizarre Adventure

8.19 /10

Rate This Movie:

Jo Jo's bizzare adventure season 1 ဒီ anime ကတော့နိုင်ငံခြားမှာအရမ်း iconic ဖြစ်ပေမယ့် မြန်မာမှာတော့လူသိပ်မသိကြပါဘူး၊ဘာကြောင့် iconic ဖြစ်လဲဆိုရင် ဒီ anime ထဲကနေ internet meme ဟာသတွေအများကြီးထွက်ခဲ့ပါတယ်၊ဇာတ်ကောင်တွေရဲ့စကားပြောပုံတွေ စတိုင်တွေဟာနာမည်ကြီးခဲ့ပါတယ်၊ season 1 ကို part နှစ်ခုခွဲထားပါတယ် Jonathan Joestar ရဲ့အပိုင်းနဲ့ သူ့ရဲ့မြေး Joseph Joestar ရဲ့အပိုင်းဖြစ်ပါတယ် Jonathan Joestar (Jo Jo) ဟာ ချမ်းသာလှတဲ့ Joestar မိသားစုရဲ့အမွေဆက်ခံသူဖြစ်ပါတယ်၊ တစ်နေ့မှာသူတို့မိသားစုကိုအညှိုးအတေးထားနေတဲ့ Dio Brando ဆိုတဲ့ကောင်လေးဟာ Joestar မိသားစုထဲကိုဝင်ပြီး နည်းလမ်းပေါင်းစုံနဲ့ဒုက္ခပေးဖို့ကြံစည်နေရာကနေ အိမ်မှာရှိတဲ့ထူးဆန်းတဲ့ရှေးဟောင်းမျက်နှာဖုံးတစ်ခုကိုတွေ့သွားပါတယ် Dio ဟာအဲ့မျက်နှာဖုံးရဲ့မြုပ်ကွယ်နေတဲ့အစွမ်းတွေကိုသိလိုက်ရတဲ့အခါ၊ Joestar မိသားစုကိုဖျက်စီးဖို့နဲ့ လောကကိုပါအုပ်စိုးဖို့ကြံစည်ပါတော့တယ် မျက်နှာဖုံးအစွမ်းကြောင့်အရမ်းအန္တရာယ်ရှိလာတဲ့ Dio ကို Jo Jo ကဘယ်လိုနည်းပရိယာယ်တွေနဲ့တားဆီးမလဲ၊ အညှိုးကြီးလွန်းလှပြီးဘယ်တော့မှဇွဲမလျှော့တဲ့ Dio ကိုလွယ်လွယ်နဲ့တားဆီးနိုင်ပါ့မလားဆိုတာသိချင်ရင် ဒီ anime ကိုစောင့်ကြည့်လိုက်ကြပါတော့

Genres:

Action

Adventure

Supernatural

Vampire

Shounen

Season 01